Thursday, December 31, 2009

အတွေးအမြင်(၂)

နှစ်သစ်ကို ကြိုဆိုပါဧ။်
၂၀၀၉-နှစ်ကုန်ဆုံးလို့ ၂၀၁၀-ခုနှစ်သို့ ၀င်ရောက်လေပြီတည်း။ တစ်နည်းအားဖြင့်တော့ နှစ်ဟောင်းကုန်လွန်ကာ
နှစ်သစ်သို့ ကူပျောင်းခြင်းပင်ဖြစ်ဧ။်။အသစ်အသစ်သောပစ္စည်းကို သုံးရတာ ပျော်ရွင်ကျေနပ်စရာဖြစ်သကဲ့သို့ နှစ်သစ်ကိုရောက်ရှိလာခြင်းဟာလည်း ပျော်ရွင်လှန်းဆန်းရပါဧ။်။ အတွေးအခေါ်၊ အပြောအဆိုမှအစ အရာရာတိုင်းကို အသစ်ချည်းပဲဟု သတ်မှတ်လျှက် နှစ်သစ်ကို ကြိုဆိုရတာလည်း အတိုင်းမသိဝမ်းသာမိကြမှာပါ။
သို့သော်လည်းပဲ ကိုယ့်ရင်ထဲကတော့ နှစ်သစ်ကို ကြိုဆိုပါတယ်။ ဒါပေသိ ၀မ်းသာမှု၊ ပျော်ရွင်မှု မရှိခဲ့ပါ။
အကြောင်းကား ရှင်းရှင်းလေးပါပဲ။ ဒီလိုပါ။ တို့များဟာ မြန်မာလူမျိုးပါ။ မြန်မာသည် မြန်မာယဉ်ကျေးမှုအစဉ်အလာကိုပဲ မြတ်နိုးတန်ဖိုးထားပါ၏။ အင်္ဂလိပ်နှစ်သစ်ကူးသည် အခြားလူမျိုးများစွာနဲ့ ဆက်စပ်နေသလို အခြားဘာသာများရဲ့ ယဉ်ကျေးမှုအစဉ်အလာအတိုင်း လုပ်ဆောင်ကြပေသည်။ အင်္ဂလိပ်နှစ်သစ်ကူးသည် မြန်မာနှစ်သစ်ကူး မဟုတ်သောကြေင့်တည်း။(ဘယ်လိုထင်လဲ)

...
Reade more >>

အဆုံးအမ

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ

ရေချမ်းသစ်သီး၊ ပန်းဆီမီးကို၊
ခိုင်ဖြီးသဒ္ဓါ။ လှူပြီးကာမျှ၊
ငါ့မှာကောင်းကျိုး၊ အလွန်တိုးဟု၊
ယုံကိုးစိတ်ထဲ၊ မရောင့်ရဲနဲ့။
မစဲညနေ့၊ ဘုရားရှေ့တွင်၊
ပျော်မွေ့မြတ်နိုး၊ မြဲရှိခိုး၍၊
ကောင်းကျိုးပွားစည်၊ ကြီးလှပြီဟု၊
ယုံကြည်အားရ၊ စိတ်မချနဲ့။


ဓာရဏနှင့်၊ ဓမ္မစကြာ၊
မေတ္တာပဋ္ဌာန်း၊ ရွတ်နိုင်စွမ်းကြောင့်၊
ရွှင်လန်းပီတိ၊ ဂွမ်းဆီထိကာ၊
ကြီးမည့်တေဇော်၊ မစောင့်မျှော်နဲ့။

ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးအောင်၊
ဇွဲကြီးခိုင်မာ၊ ငြိမ်သက်စွာဖြင့်၊
သဒ္ဓါကြည်ယုံ၊ စိပ်ပြီးရုံဖြင့်၊
လုံလောက်လှပြီ၊ မရပ်တည်နှင့်။

ရေကြည်သစ်သီး၊ ဆီမီးလှူမျိုး၊
ရှိခိုးဝတ်ရွတ်၊ စေလွှတ်မေတ္တာ၊
တရာ့ရှစ်သီး၊ စိပ်ပုတီးကို၊
မငြီးဆင့်ကဲ၊ စိပ်မြဲစိပ်ပါ၊ မဖြတ်ပါနဲ့။

ဆက်ကာတမျိုး၊ ရှေ့သို့တိုး၍၊
အကျိုးနိဗ္ဗာန်၊ မျှော်ရိုးမှန်က၊
ရုပ်နာမ်ခွဲခြား၊ ကျင့်တရားသာ၊
သံသရာဝဋ်၊ ထွက်လွတ်စေကြောင်း၊
လမ်းမှန်ကောင်းဟု၊ ညွတ်ပြောင်းစိတ်ထဲ၊
ယုံကြည်စွဲလျက်၊
အမြဲနေ့ည၊ ၀ိပဿနာ၊ ဘာဝနာကို၊
ခိုင်မာဆန္ဒ၊ ကြိုးလုံ့လမှ၊
ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနပ်မည်၊
စွဲမှတ်သတိ၊ ရှိပါစေ။

( ဦးချိုရှိန် )



Reade more >>

Sunday, December 27, 2009

အတွေးအမြင်(၁)

တစ်ရွေ့ရွေ့နှင့်၊ အချိန်များကုန်၊ ဘ၀တစ်ကွေ့မှာ၊ တို့များဆုံတော့၊
ဘုံဘ၀မှာ၊ ပျော်စရာကြုံ၊ တွယ်တာစရာ၊ အမျိုးစုံစုံ။
တစ်ခါတစ်လေ၊ ၀မ်းသာလိုက်၊ တစ်ခါတစ်ရံ၊ ၀မ်းနည်းလိုက်ပေါ့၊
သောကကိုဖျောက်ရင်း၊ လောဘဇောတိုက်ရင်း၊ ဒေါသရောင်တောက်ရင်း၊
မောဟအမှောင်ထဲ၊ လမ်းလျှောက်ရင်းဖြင့်၊ ကိုယ့်ကိုယ်ကိုအားပေးနေ၊
ငါဟာ မအိုသေးပါဘူး၊ ငါဟာ မနာသေးပါဘူး၊ ငါဟာ သေဖို့အဝေးကြီးလိုပါသေး။
ဒါပေသိ - ငါ့ကိုယ်ငါတွေး၊ ဒါတွေမယုံသေး၊
မနှေးအမြန်၊ လာဟန်မရှိ၊ ဒီတောင်ကိုတော့၊ ငါကျော်နိုင်၏။
မမြဲခြင်းကို၊ ငါမတွေး၊ ဆင်ရဲခြင်းကို၊ တစ်ဖန်တွေး၊ ပိုင်ဆိုင်မှုတွေ၊ တိုးတက်ရေး၊
အို--လာတော့လည်း၊ တစ်ယောက်တည်း၊ သွားတော့လည်း၊ အဖေါ်ပါသလား။
တွေဝေနေရင်း၊ အဖြေရှာနေရင်း၊ ကိုယ်သိတာကိုယ်ကျင့်၊ ကိုယ်မှန်တာကိုယ်လုပ်၊
နောက်ဆုံးတော့-ဒီနှစ်ဟာ၊ အရင်နှစ်မဟုတ်သလို၊ နောက်နှစ်ဟာလည်း၊ ဒီနှစ်မဖြစ်တော့၊
ဘယ်မှာလည်း အနှစ်သာရ၊ ဘယ်မှာလည်း တည်မြဲခြင်း။
ဘယ်သူ့ကိုစောင့်နေမလဲ၊ ထိုင်ခုံပြည့်တော့ ရထားထွက်၊ ပါရမီပြည့်အောင်၊ ငါဖြည့်ကျင့်။
အသိတွေ တဖြည်းဖြည်းရင့်ကျင့်၊ ပါရမီများ၊ တစ်ဖြေးဖြေးမြင့်တက်၊ ဘ၀တွေ တစ်ဆင့်ပီးတစ်ဆင့်တက်။
ဓမ္မက သူ့သဘာဝကိုဆောင်၊ ကိုယ့်ကျင့်တရားက ကိုယ့်ကိုဆောင်။
(နှုတ်ဆက်ပါတယ်=၂၀၀၉)



Reade more >>

Thursday, December 24, 2009

အဆုံးအမ

ပိဋကတ် အစွယ်ထောင်လျှင် ...
တစ်ပိုင်းကြောင် ကျက်စားရုံနှင့် ခက်ပါလှသဘောဉာဏ်၊
ထက်မာန အပြောသန်တယ်၊ ဒေါသမာန်ထူပွားး။ ။
စောဒကတုဖက်လာလျှင် သူ့ထက်ငါ ငြင်းတဲ့လူစား။ ။
ဘုရားဟော မြတ်ဓမ္မခန်ကို တတ်လေဟန်ယောင်ဝါး။
ပရမတ်ပြန် အကြောင်သမားတွေတို့ ထောင်လွှားကြ သူ့ထက်ငါ။
အသိဉာဏ်တစ်ထွာလောက်ကယ်နှင့် ညာမထောက် ဟောတတ်လှပါ။
ပရိတ်သတ် ထောမနာအောင် စောဒနာဉာဏ်အကောက်တွေနှင့်
ကန်အကြောက် အတင်းမရှောင် ငြင်းကြလူ့ဘောင်။
ပိဋကတ်အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။ ။
(လယ်တီဆရာတော်ဘုရားကြီး)



Reade more >>

Wednesday, December 23, 2009

ကဗျာ အတွေး(၂)

ဒီဇင်ဘာအမှတ်တရ
အဟောင်းကိုပြင်၊ တွေးထင်မရ၊ အသစ်ဟူ၏သို့။
ရွက်ဟောင်းဟူက၊ မြေသို့ခ၊ ရွက်သစ်ကော မကြွေပီလော။
ဖြစ်လာရင်တော့၊ ပျက်စမြဲ၊ ရှောင်လွဲမရသဘာဝ။
တည်မြဲရုပ်နာမ်၊ ရှိရိုးမှန်က၊ ဘယ်လိုဘေးကို ကြောက်မည့်နည်း။
နှစ်ဟောင်းထိုမှ၊ နှစ်သစ်သို့။
မိုးတွင်းလွန်တော့၊ ဆောင်းဝင်လို့။
နှင်းတွေဝေတဲ့လ ဒီဇင်ဘာ
အမှတ်တရ။



Reade more >>

ဂုဏ်ယူစရာဗုဒ္ဓဘာသာ

ဂုဏ်ယူစရာဗုဒ္ဓဘာသာ။ ။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို. အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေး နှင်. အသိဥာဏ်မြင်.မားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ.ကဗုဒ္ဓဘာသာအဖွဲ.အစည်းကို " ကမ္ဘာ.အမွန်မြတ်ဆုံး/ အကောင်းဆုံး " ဘာသာတရားဆုချီးမြှင်.ခဲ.ကြောင်းသိရှိရပါတယ်... အဆိုပါအထူးတစ်လည်ချီးမြှင်.တဲ.ဆုကိုကမ္ဘာ.ဘာသာပေါင်းစုံမှကိုယ်စားလှယ် ၂၀၀ ကျော်က ရွေးချယ်ချီးမြှင်.ခဲ.ခြင်းဖြစ်ပြီးပို၍၀မ်းမြောက်အံ.သြဖွယ်ကောင်းသည်မှာပါဝင်ရွေးချယ်သည်.ဘာ
သာရေးခေါင်းဆောင်အများစုကအဆိုပါအဖွဲ.အစည်းတွင်အဖွဲ.ခွဲဝင်အနည်းဆုံးဖြစ်သောဗုဒ္ဓဘာ
သာကိုမိမိတို.ဘာသာထက်ကျော်လွန်ပြီးဆန္ဒမဲပေးခဲ.ကြခြင်းဖြစ်သည်...ပါဝင်ဆန္ဒမဲပေးခဲ.သူလေးဦးကပြောဆိုခဲ.ရာတွင်...



အဆိုပါအဖွဲ.ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က " ဒီကမ္ဘာ.အမွန်မြတ်ဆုံး၊အ
ကောင်းဆုံးဘာသာတရားဆုကိုဗုဒ္ဓဘာသာက ရရှိတာအံ.သြစရာမရှိပါဘူး...ဘာဖြစ်လို.လည်း
ဆိုတော.ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင်.ဖြစ်ပွားပေါ်ပေါက်ခဲ.တဲ.စစ်ပွဲဆိုတာမရှိခဲ.ပါဘူး...
တစ်ခြားဘာသာများနဲ.မတူတာကအဲဒါပါပဲ...တစ်ခြားဘာသာတွေကအကယ်၍ဘုရားသခင်
သာမှားယွင်းခဲ.ယင်ဆိုတဲ.အတွေးနဲ.လက်နက်တွေကိုအရံသင်.ထားကြပါတယ်...ဗုဒ္ဓဘာသာ
ဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ.) စစ်တိုက်တာကိုတွေ.ရဖို.အတော်ခဲယဉ်းပါတယ်...
တစ်ခြားဘာသာဝင်တွေရဲ.အစဉ်အလာအလေ.အထနဲ.ဆန်.ကျင်စွာပဲဗုဒ္ဓဘာသာဟာကိုယ်
ကိုယ်တိုင်ကျင်.ကြံတဲ.တရားကိုသာသူများကိုဟောကြားခဲ.တာပါပဲ " လို.ဆိုခဲ.ပါတယ်...

Belfast မြို.မှ ကက်သလစ်ဘုန်းတော်ကြီး Ted O'Shaunghnessy ကတော.ကက်သလစ်သာ
သနာကိုမြတ်နိုးကိုကွယ်ပေမယ်.လူသားတွေကိုမေတ္တာဂရုဏာထားရန်ဟောကြားပြီးလူသားတွေ
ကိုပဲသတ်ဖြတ်ကာဘုရားသခင်ရဲ.အလိုဆန္ဒနားလည်ပါတယ်လို.ပြောကြတာကစိတ်အနှောက်အ
ယှက်အဖြစ်ရဆုံးပါပဲ...ဒါကြောင်.မွန်မြတ်တဲ.ဗုဒ္ဓဘာသာကိုမဲပေးခဲ.တာပါလို.အမိန်.ရှိခဲ.ပါတယ်....

ပါကစ္စတန်ကမွတ်ဆလင်ဘာသာရေးခေါင်းဆောင်Tal Bin Wassad ကလည်းဒီအဆိုကိုသဘော
တူထောက်ခံခဲ.ပါတယ်...အဆိုပါအဖွဲ.ကြီးရဲ.ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာမဲပေး
ရေးအဖွဲ.၀င်တစ်ယောက်ဖြစ်တဲ.သူက " ကျွန်တော်ဟာအစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာယုံ
ကြည်သူတစ်ယောက်ပါ...သို.သော်လည်းပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်ဘာသာရေးကိုအ
ကြောင်းပြပြီးအမျက်ဒေါသတွေထွက်ကြ၊သွေးမြေကျကြရတာတွေကိုတွေ.မြင်ခံစားရပါတယ်...
ဗုဒ္ဓဘာသာဝင်တွေကတော.အဲဒါကိုသိမြင်နားလည်သဘောပေါက်ခဲ.ကြပါတယ်...ပြောရယင်
ကျွန်တော်.ရဲ.အရင်းနှီးဆုံးမိတ်ဆွေတစ်ချို.ဟာဗုဒ္ဓဘာသာဝင်တွေပါ "
လို.ပြောခဲ.ပါတယ်...

အစ္စရေးနိုင်ငံဂျေရုဆလင်မြို.ကဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော. " ကျွန်
တော်လဲကျွန်တော်.ဘာသာဖြစ်တဲ.ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်...ကိုယ်.ဘာသာ
မို.ကိုယ် ဒါဟာကမ္ဘာ.ပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို.လည်းထင်ပါတယ်...ဒါပေမယ်.
ရိုးရိုးသားသားဝန်ခံရယင်ကျွန်တော်ဟာနေ.စဉ်ဂျူးဘာသာအရ၀တ်မပြုခင်ဝိပဿနာတရား
ကိုကျင်.ကြံအားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ...ဒါကြောင်.အခုလိုမဲပေးလိုက်ပါ
တယ် " လို.ပြောလိုက်ပါတယ်...

သို.သော်..စိတ်မကောင်းစရာအချက်တစ်ခုက အဆိုပါအဖွဲ.ကြီးအနေဖြင်.ထိုဆုကိုလက်ခံမည်.
သူတစ်ယောက်ကိုမျှမတွေ.ခဲ.ရပေ....သူတို.ဆက်သွယ်ပြောဆိုသမျှဗုဒ္ဓဘာသာဝင်အားလုံးက
ထိုဆုကိုလက်ခံဖို.ငြင်းပယ်ခဲ.ကြခြင်းဖြစ်သည်...
အဘယ်ကြောင်.ထိုဆုကိုလက်ခံရန်ငြင်းဆန်ရကြောင်းမေးမြန်ခဲ.ရာမြန်မာဗုဒ္ဓဘာသာအသင်း
ဘုန်းတော်ကြီးဂုရတ္တက " ယခုလိုမိမိတို.ဘာသာကိုအသိအမှတ်ပြုချီးမြှင်.သည်.အတွက်ဝမ်း
မြောက်ကျေးဇူးတင်ကြောင်း ...သို.သော်ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာန
ဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည်.လူသားအားလုံးကိုမိမိတို.မျှဝေပေးအပ်ပါကြောင်း
..." မိန်.ကြားခဲ.ပါတယ်...



မူရင်းစာသားကတော့.ဒီမှာပါ..

The Geneva-based International Coalition for the Advancement of
Religious and Spirituality (ICARUS) has bestowed "The Best Religion In
the World" award this year on the Buddhist Community.

This special award was voted on by an international round table of more than 200
religious leaders from every part of the spiritual spectrum. It was
fascinating to note
that many religious leaders voted for Buddhism rather than their own
religion although Buddhists actually make up a tiny minority of ICARUS
membership. Here are the comments by four voting members:


Jonna Hult, Director of Research for ICARUS said "It wasn't a surprise
to me that Buddhism won Best Religion in the World, because we could
find literally not one single instance of a war fought in the name of
Buddhism, in contrast to every other religion that seems to keep a gun
in the closet just in case God makes a mistake. We were hard pressed
to even find a Buddhist that had ever been in an army. These people
practice what they preach to an extent we simply could not document
with any other spiritual tradition."

A Catholic Priest, Father Ted O'Shaughnessy said from Belfast , "As
much as I love the Catholic Church, it has always bothered me to no
end that we preach love in our scripture yet then claim to know God's
will when it comes to killing other humans. For that reason, I did
have to cast my vote for the Buddhists."

A Muslim Cleric Tal Bin Wassad agreed from Pakistan via his
translator. "While I am a devout Muslim, I can seehow much anger and
bloodshed is channeled into religious expression rather than dealt
with on a personal level. The Buddhists have that figured out." Bin
Wassad, the ICARUS voting member for Pakistan 's Muslim community
continued, "In fact, some of my best friends are Buddhist."

And Rabbi Shmuel Wasserstein said from Jerusalem, "Of course, I love
Judaism, and I think it's the greatest religion in the world. But to
be honest, I've been practicing Vipassana meditation every day before
minyan (daily Jewish prayer) since 1993. So I get it."

However, there was one snag - ICARUS couldn't find anyone to give the
award to. All the Buddhists they called kept saying they didn't want
the award.

When asked why the Burmese Buddhist community refused the award,
Buddhist monk Bhante Ghurata Hanta said from Burma, "We are grateful
for the acknowledgment, but we givethis award to all humanity, for
Buddha nature lies within each of us." Groehlichen went on to say
"We're going to keep calling around until we find a Buddhist who
will accept it. We'll let you know when we do."



Reade more >>

Tuesday, December 22, 2009

ကဗျာ အတွေး(၁)

ပေါ့ပေါ့တွေးတော့၊ လန်းဆန်းတယ်၊ ထင်မိပေဘူးလား။
နက်နက်တွေးပြန်တော့၊ ခေါင်းစားတယ်၊ ညဏ်မမှီသေးဘူး။
လွတ်လွတ်လပ်လပ်၊ တွေးကြည့်တော့၊ ဖမ်းဆီးဥပဒေရှိပါဘူး။
ပေါ့ပေါ့ပါးပါး၊ ရေးခြင်တယ်၊ ရေးစရာပြုံလို့။
ထိထိမိမိ၊ ရေးချင်တယ်၊ ကာရန်ညှိခက်လို့စိတ်အိုက်။
စိတ်ရှိတဲ့တိုင်း၊ ရေးချတယ်၊ စာရွက်မလောက်တော့။
တွေးတဲ့အတိုင်း၊ ရေးမိရင်၊ အတွေးတိုင်းမှန်ပါ့မလား။
ရေးတဲ့အမှား၊ ဖေါ်ပြရင်၊ ပြန်ပြင်လို့ရအုံးမလား။
နှူတ်တရာမှာ၊ စာတစ်လုံး၊ ညီမျှခြင်းတူနေတော့။
အင်း----စာတစ်ပုဒ်ကို
အတွေးမပါဘဲ ရေးရင်ကောင်းမယ်။


Reade more >>

Monday, December 21, 2009

Gmail Creator

   မင်္ဂလာပါ
Gmail Creator



Paul Buchheit

အမေရိကန်ကွန်ပျူတာပရိုဂရမ်မာ

Friend Feed တည်ထောင်သူ
Case Western Reserve တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
Google ၏ လက်ရွေးစင်ပရိုဂရမ်မာများမှ ၂၃ ယောက်မြောက်


2004 March

ကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို စတင်လွှင့်ထုတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB အထိပေးမည်ဟု တရားဝင်ဖွင့်ဟခဲ့ရာ မယုံကြည်သူများက ကုမ္ပဏီငယ်တစ်ခု၏ April Fool တစ်ခုမျှသာ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း Spam နည်းပါးခြင်းနှင့် အလွန်အဆင့်အတန်းမြင့်မားသော Ajax နည်းပညာသုံးထားသည့် Gmail ကို Invite မှ တစ်ဆင့် စတင်လက်ခံခဲ့ရပြီးနောက် Gmail ၏ ကမ္ဘာသက်ဝင်လှုပ်ရှားလာခဲ့တော့သည်။

2005 Jan
Hacker များ အလွယ်တကူဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော လုံခြုံရေးဟာကွက်တစ်ခုကို Slash dot တွင် ဖော်ပြခဲ့ရာ အဆိုပါပြဿနာကို အလွယ်တကူဖြင့် ပြန်လည်ပြင်ဆင်ပြီးချိန်တွင် Google ကိုယ်တိုင်သည် သူတို့၏ Service ကို လူများစွာ စိတ်ဝင်စားကြောင်း ယုံကြည်သွားခဲ့သည်။

2005 Apr
သိုလှောင်မှုပမာဏကို 2 GB အထိ မြှင့်တင်ပေးခဲ့ပြီး စာပို့သောနေရာတွင် Plain Text အဆင့်မှ HTML အဆင့်သို့ တိုးမြှင့်ပေးခြင်း၊ Font ပြောင်းလဲနိုင်ခြင်းအပါအ၀င် Feature အသစ်များကို ထပ်မံပေါင်းထည့်ခဲ့သည်။

2005 May
ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အစရှိသော ဘာသာစကားများကိုပါ Gmail တွင် ပေါင်းစပ် ထည့်သွင်း အသုံးပြုနိုင်စေရန် ပြုလုပ်နိုင်ခဲ့သည်။

2005 Jun
တစ်ကမ္ဘာလုံးတွင် Gmail Account 1.2 သန်းခန့်ရှိလာခဲ့ကြောင်းကို ကမ္ဘာကျော် Popular Science မဂ္ဂဇင်းကြီးမှ Gmail ၏ ထုတ်လုပ်မှုမန်နေဂျာကို စစ်တမ်းကောက်ယူပြီး ဖော်ပြပေးခဲ့သည်။ လကုန်ပိုင်းတွင် ဖင်လန်၊ ပိုလန်နှင့် ဆွီဒင်ဘာသာစကားများကို ထပ်မံထည့်သွင်းခဲ့သည်။

2005 July
Gmail အသုံးပြုနေစဉ်တွင် Inbox အတွင်းမှနေ၍ Google Search Engine ကို အသုံးပြုနိုင်သည့် Service ကို ထည့်သွင်းခဲ့ပြီး Gmail ၏ သိုလှောင်မှုပမာဏမှာ 2 GB အကျော်ထိ ရောက်ရှိခဲ့ပြီး တစ်နေ့တွင် 14 MB နှုန်း သိုလှောင်မှုပမဏာကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးသည့်စနစ်ကို စတင်သုံးစွဲခဲ့သည်။

2005 Aug
အချို့သော User များကို 100 Invitation ပေးအပ်ခဲ့သည်။ ယုံကြည်စိတ်ချရသော Developer များနှင့် Programmer များကို Invite ပြုလုပ်ခွင့် 1000 အထိ ရရှိခဲ့သည်။ ဂရိ၊ ဟန်ဂေရီ၊ အင်ဒိုးနီးရှား၊ ဗီယက်နမ် စသော ဘာသာစကား ၁၂ မျိုးအထိ ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Aug 24
Mobile ဖုန်းများတွင် Text Message ပေးပို့နိုင်ရန်အတွက် Gmail မှတစ်ဆင့် အသုံးပြုနိုင်ရန် စတင်ပြုလုပ်ပေးခဲ့သည်။ အမေရိကန်တွင် Invitation ကုတ်ဖြင့် Gmail Mobile များကို Tex Message များ ပေးပို့နိုင်သည်။ ထိုကဲ့သို့ပေးပို့ခြင်းတွင် Web ပေါ်တွင်သုံးသော Gmail ကဲ့သို့ Spam များကို ရှင်းလင်းသေသပ်စေသည်။ https စနစ်ကို ဂရုတစိုက်သုံးစွဲသည့်အတွက် လုံခြုံရေးပြည့်ဝပြီး လူကြိုက်များလာခဲ့သည်။ အချို့သော ISP Mail များအတွက် စိတ်တိုင်းကျ Customize လုပ်ခွင့်ကို ပေးအပ်ခဲ့သည်။

2005 Sep
ချက်၊ ဟင်ဒီ၊ ထိုင်း၊ တူရကီ စသော ဘာသာစကား ၉ မျိုး ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Oct
အင်္ဂလန်တွင် ရှိသော gmail.com ကုမ္ပဏီတစ်ခုနှင့် နာမည်ကိစ္စ စကားပြောဆိုခဲ့ရပြီး Username@gmail.com နေရာတွင် Username@google.com အဖြစ် အချို့နေရာများတွင် ပြောင်းလဲပစ်ရန် သဘောတူညီခဲ့ရသည်။

2005 Dec
ဆက်သွယ်နိုင်သောအုပ်စုများ (Contact Group)၊ သူငယ်ချင်းများ၊ ၀န်ထမ်းများ (Co-Wokers) စသော Feature အသစ်များကို ထပ်မံပေါင်းထည့်၍ သုံးစွဲသူတစ်ဦးအနေဖြင့် gmail ကို စိတ်တိုင်းကျ ထိန်းသိမ်းကွပ်ကဲ နိုင်စေရန် ပြုလုပ်ပေးခဲ့သည်။

2005 Dec 16
Gmail Mobile အသစ်တစ်ခုထပ်မံထုတ်လွှင့်ခဲ့သည်။ အဆိုပါ http://m.gmail.com သည် Gmail Mobile များအတွက် အထူးဝက်ဆိုက်ဖြစ်ပြီး Source Forge အဖွဲ့အစည်းမှနေ၍ Gmail Mobile 1.0 ကို Open Source အနေဖြင့် ရေးသားပေးခဲ့သည်။

2006 Jan
Menu bar တွင် Delete button ကို ပေါင်းထည့်ပေးခဲ့သည်။ အဆိုပါ Bottom သည် Gmail စစထွက်ချင်းတွင် မပါဝင်ခဲ့၍ သုံးစွဲသူတိုင်းက ဝေဖန်ခဲ့ကြသည်။

2006 Feb
သုံးစွဲသူတိုင်း၏ Chatting စကားပြေဆိုမှုများကို မှတ်သားထားနိုင်ရန် Chat History ကို ပေါင်းထည့်ပေးခဲ့သည်။

2006 Mar
Gmail for your domain ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Gmail သည် တစ်နှစ်လျှင် ၂၅ ဒေါ်လာဖြင့် ၀ယ်ယူသုံးစွဲရပြီး အဖွဲ့အစည်းများအတွက် အလွန်ကောင်းမွန်သော ၀န်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။

2006 Apr
Google Calendar Service ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။

2006 Nov
Java Application များဖြင့် အသုံးချနိုင်သော Gmail ကို Mobile ဖုန်းများပေါ်တွင် အလုပ်လုပ်နိုင်စေရန် အထူးသဖြင့် ဓာတ်ပုံများ၊ Document များ၊ Attachment များကို ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

2007 Jan
Docs & Spread Sheets ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူ register ပြုလုပ်၍ သုံးစွဲနိုင်ရန် Gmail ကို Invite ဖြုတ်ပေးခဲ့သည်။

2007 Feb
IMAP Access ကို ပြုလုပ်နိုင်စေရန် စတင်ကြော်ငြာခဲ့ပြီး Gmail Lab ကို မိတ်ဆက်ခဲ့ပါသည်။

2008 Nov
Themes များ ပေါင်းထည့်ခဲ့သည်။

2008 Dec
To do list ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူအနေဖြင့် Task များပေါ်တွင် ပေါင်းထည့်ခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်သည်။

2009 Jan
Google Gear ကို စတင်မိတ်ဆက်ခဲ့သည်။ နောင်တွင် အဆိုပါ Google Gear သည် Gmail ကို Off line Mode ဖြင့် သုံးစွဲစေနိုင်ခဲ့သည်။

2009 Feb
Undo Bottom ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူပေါင်း သန်း ၁၀၀ ခန့်အထိ ရှိလာခဲ့ပြီး Gmail သည် မကြာခဏ service Down သွားလေ့ရှိသည်။

2009 July
Gmail တွင် တစ်ဖက်အသုံးပြုသူ၏ မျက်နှာကိုပါ မြင်တွေ့စေနိုင်သော Video Chat ကိုပါ ပေါင်းထည့်ပေးခဲ့သည်။

2009 Sept
ယခုအချိန်တွင် သုံးစွဲသူအများအပြား၏ request လုပ်မှုကြောင့် Gmail သည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွားလျက် ရှိသည်။

(NetGuide မှ ကူးယူဖော်ပြသည်။)
Reade more >>

Saturday, December 19, 2009

ကိုယ့်အကြောင်း


Ven Dhammasami (dhammasami08@gmail.com)
Myeik, Tanantharyi Division.
Student at University of Kelaniya, Sri Lanka
Blog တစ်ခုကို ဖန်တီးဖို့ စိတ်ကူးအိမ်မက်နေတာကြပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ဘူး။ အဓိကအကြောင်းရင်းကတော့ “ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့နည်းလမ်းပေါ့။ နောက်တစ်ခုက ကိုယ်ကိုယ်တိုင်ကလည်း Perfect ပြီးပြည့်စုံတဲ့ပညာရှင်တစ်ယောက် မဟုတ်တာပေါ့။
နောက် စာသင်သားဘ၀မှ ရုန်းမထွက်နိုင်သေး။ ပညာရှာဖွေနေဆဲပေါ့။ နောက် ရည်ရွယ်ချက်ပေါ့။ ဦးတည်ချက်လို့ ပြောရမယ်။ ရေရေရာရာ မရှိသေးဘူး။ Blog တစ်ခုကို ဘယ်လို့ရည်ရွယ်ချက်၊ ဦးတည်ချက်တွေ့နဲ့ စားဖတ်သူကို ချပြမလဲပေါ့။ နောက် ရေရှည်ခရီးသွားနိုင်မလား ဒီအွန်လိုင်ပေါ်မှာ။ လားပေါင်းများစွာ။ ဒီလိုနဲ့တွေဝေနေရင်း အချိန်ကုန်လာ။ ဒီကနေ့တော့ (၁၉-၁၂-၂၀၀၉) စာအုပ်အားကိုးနဲ့ ဒီ “အလင်္ကာ”ဆိုတဲ့ Blog ကို ဖန်တီးလိုက်တာပါ။
                        မှတ်ချက်။   ။ ဤဓမ္မခရီးသည်-ဘလော့ဂ်သည် အလင်္ကာ၏ ဘလော့ဂ်ခွဲတစ်ခု ဖြစ်ပါသည်။ အလင်္ကာမှာ တင်ခဲ့သမျှ ဓမ္မခရီးသည်မှာလည်း အတူတူတင်ထားပါသည်။ 
     လာရောက်လည်ပတ်သော ဧည့်သည်တော်အပေါင်း ဘေးရန်ကင်း၍ ချမ်းသာမှုအပေါင်း ခညောင်းစံစားနိုင်ပီး လိုရာပန်းတိုင် ရောက်နိုင်ကြပါစေ....။
Reade more >>