Wednesday, December 15, 2010

အိမ်ရှင်မနှင့် တလတာ ဘတ်ဂျက်


စာရေးသူ၏ ဇာတိမြို့က ဘုရားဖူးဧည့်သည်များ ရောက်လာသဖြင့် ဘုရားဖူးလိုက်ပို့ရင်း ၇-ရက်ခန့် ဘလော့ဂ်နှင့် ကင်းကွာနေရသည်။ အခုတော့ ဧည့်သည်တော်များ ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွါသွားပီဖြစ်၍ အချိန်ရခိုက် အီးမေးလ်အား ၀င်ရောက် စစ်ဆေးဖတ်ရှုမိခဲ့သည်။ အောက်ပါ ပို့စ်သည် မလေးရှားက ဒကာမလေး ရှလင်တန် ပေးပို့လိုက်သော မေးလ်ကို ဘာသာပြန် ဖေါ်ပြလိုက်ပါသည်။ ခံစားကြည့်ပါအုံး..။

သူတို့ပေးစာ

ယူကေမှာ အလုပ်လုပ်နေသော ယောက်ျားက အိန္ဒိယမှာ ကျန်ခဲ့သောဇနီးသည်အား အီးမေးလ်ဖြင့် စာရေးလိုက်သည်မှာ…..


        ချစ်စွာသော သုနိတရေ.....
ငါ ဒီလအတွက် မင်းဆီ ငွေမပို့နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ငါတို့အလုပ်လုပ်နေတဲ့ ကမ္ဘာ့ဈေးကွက်ကုမ္ပဏီဟာ ကမောက်ကမဖြစ်ကာ ကပ်ဆိုက်နေတယ်လေ။ ဒါကြောင့် ငါတို့လည်း စီးပွါးပျက်ကုန်တယ်။
ဒါကြောင့်လေ ငါ မင်းအတွက် အနမ်းပွင့် တစ်ရာပဲ ပို့လိုက်ပါတယ်။ မင်းဟာ ငါ့ရဲ့ အသဲနှလုံးပါကွာ။ ကျေးဇူးပြု၍.... နားလည်ပေးပါနော်……။
မင်းရဲ့ချစ်လှစွာသော ခင်ပွန်း ..
Tuna Singh
……………………………………………………………………

ထိုအခါ ဇနီးသည်က သူမခင်ပွန်းဆီ စာပြန်ရေးလိုက်သည်မှာ….
TINKU KE PAPPA, တင်ကုကေ ပပရေ

          မင်းရဲ့ အနမ်းပွင့်များစွာအတွက် ကျေးဇူးတင်ပါတယ်နော်..။ ပို့လိုက်သော မင်းရဲ့အနမ်းပွင့်များကို ငါ ဘယ်လို အသုံးပြုလိုက်သလဲဆိုတော့……….
၁။ နွားနို့လာပို့တဲ့ ကောင်းလေးကို တစ်လစာအတွက် အနမ်းပွင့် ၂-ပွင့် ပေးလိုက်ပါတယ်။
၂။ လျှပ်စစ်ပြင်တဲ့ ကောင်းလေးကိုတော့ မီးမဖြတ်ဖို့အတွက် အနမ်းပွင့် ၇-ပွင့်နဲ့ သဘောတူညီမှု ရခဲ့တယ်လေ။
၃။ အိမ်ငှါးပိုင်ရှင်ကတော့ လစဉ်ကြေးအစား အနမ်းပွင့် ၂-ပွင့်၊ သုံးပွင့် ယူဖို့ နေ့တိုင်း လာတယ်ရှင့်။
၎။ ဒါပေမယ့် စူပါမားကတ်ပိုင်ရှင်ကတော့ အနမ်းပွင့်ကို ယူဖို့ ငြင်ပယ်နေတယ်လေ။ ဒါကြောင့် တစ်ခြားလိုအပ်တာကိုပဲ ပေးလိုက်တယ်။ ရှင်နားလည်မယ်လို့ မျော်လင့်ပါတယ်။
၅။ အထွေထွေကုန်ကျစရိတ်အတွက်တော့ အနမ်းပွင့် ၄၀-ကို အသုံးပြုပါတယ်။
ကျမအတွက် စိတ်မပူနဲ့နော်။ ကျမမှာ အနမ်းပွင့် ၃၅-ပွင့် ကျန်ပါသေးတယ်။ ဒီတစ်လ အသုံးစရိတ်အတွက် အသက်ဆက် ရပ်တည်နေနိုင်တယ်လို့ မျော်လင့်မိပါတယ်။
ဒါလင်ရေ… နောက်လမှာလည်း ဒီအစီစဉ်ကို ဆက်လက်ကျင့်သုံး သင့်ပါ့မလား။
မင်းရဲ့ သက်လျာ….
 Sunita
…………………
I would like to give you the message that is NEVER MESS WITH WOMEN!






No comments:

Post a Comment